ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်ဆမှု ဖြစ်ပွား


တံတားဦး နိုဝင်ဘာဘာ ၂

ရန်ကုန်-မန္တလေး အမြန်လမ်း စကားအင်း အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် ၃၄၂/၅ နှင့် ၆ ကြားတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်(၁၀) နာရီက ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ စခန်းမှူး ရဲအုပ်ဌေးအောင်ကျော်၊ တာဝန်မှူး ရဲအုပ်ဇင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ အသိသက်သေ လက်ထောက် မီးသတ်ဦးစီးမှူး ဟိန်းသက်ဆွေ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်မတော်တဆ ဖြစ်ပွားမှုနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။


ဖြစ်စဉ်မှာ မန္တလေးမှ နေပြည်တော်ဘက်သို့ ပြင်ဦးလွင်မြို့နယ် ပွဲကောက်ရွာနေ ယာဉ်မောင်း ဇော်မျိုးအောင် (၃၂)နှစ် မောင်းနှင်လာသော 7H/- - - - Light Truck အဖြူရောင်သည် ယာဉ်မောင်း အိပ်ငိုက်ပြီး ယာဉ်မှာ လမ်း၏ ယာဘက် မြေသားလမ်းဘေးသို့ ရောက်ရှိသွားစဉ် ယာဉ်မောင်းမှ စီယာတိုင်အား ၀ဲဘက်သို့ ရုတ်တရက် ဆွဲကွေ့ရာ အရှိန်မထိန်းဘဲ လမ်းလယ်ကျွန်း အားကျော်လွန်ပြီး တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ ယာဘက်သို့ တိမ်းမှောက်နေကြောင်း စစ်ဆေး တွေ့ရရှိရသည်။


ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသော အမျိုးသား(၄)ဦး အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၁) ဦးတို့မှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ဇော်မျိုးအောင်အား ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူး ရဲအုပ်ဇင်မင်းဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် စကားအင်း အမြန်လမ်း ရဲစခန်း ယာဉ်(ပ) ၄၆/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ နိုဝင်ဘာလ ၂ ရက်နေ့တွင် ယာဉ်မောင်းသူ အား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

အဆိုပါဖြစ်စဉ်ကြောင့် 7H/- - - - Light Truck ယာဉ်မှာ ရှေ့လေကာမှန်ကွဲခြင်း၊ ယာဘက်ဦးခေါင်းပိုင်း အမိုး ပိန့်ချိုင့်ခြင်း၊ ယာနောက်ကြည့်မှန်ကျိုးခြင်း၊ အမိုးကိုင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - သန်းဌေး (ဗဟိုမီးသတ်)
တံတားဦး (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်ဆမှု ဖြစ်ပွား ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်မတော်ဆမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.