မိခင်အိမ်လည်သွားခိုက် အရွယ်မရောက်သေးသော မယားပါသမီးအား ပထွေးဖြစ်သူက အဓမ္မပြုကျင့်


သရက် နိုဝင်ဘာ ၂၈

သရက်မြို့နယ် ကျောက်မဲ ကျေးရွာတွင် ယခုလ ၂၅ ရက်က အရွယ်မရောက်သေးသော မိန်း ကလေးအားပထွေးဖြစ်သူကအဓမ္မ ပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ မိခင် ဖြစ်သူက ယခုလ ၂၆ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဘော် နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သရက်မြို့နယ် ကျောက်မဲကျေးရွာနေ မခင်မိုး (အသက်၃ဝ)သည် ယခုလ၂၄ရက် နံနက် ၇ နာရီက သရက်မြို့နယ် လုံးတောကျေးရွာနေ ညီမဖြစ်သူ မတင်ငွေထံသို့ သွားရောက်လည် ပတ်နေစဉ် ယခုလ ၂၅ ရက်ည ၁၁ နာရီတွင် ကျောက်မဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ရွာသို့ အမြန်ပြန်လာရန် ဖုန်းဆက် အကြောင်းကြားချက်အရ ရွာသို့ ပြန်လည်ရောက်ရှိပြီး ၄င်း၏သမီး ဖြစ်သူ မ------(၁ဝနှစ်) စတုတ္ထတန်းကျောင်းသူအား မေး မြန်းခဲ့ရာ ယခုလ ၂၅ ရက် နံနက် ၇နာရီတွင် တစ်အိမ်တည်းအတူနေ ပထွေးဖြစ်သူခင်မောင်ဌေး(၃၇နှစ်) က နေအိမ်အပေါ်ထပ် မီးဖိုခန်းသို့ ခေါ်သွားပြီး အတင်းအဓမ္မသား မယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ ကြောင်း ပြောပြသိရှိခဲ့ရကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သမီး ဖြစ်သူအား သားမယားအဖြစ်ပြု ကျင့်သူ ခင်မောင်ဌေးအား အရေး ယူပေးပါရန် ယခုလ ၂၆ ရက်တွင် မခင်မိုးက တရားလိုပြုတိုင်ကြား ခဲ့သောကြောင့် သရက်မြို့နယ် ဘော်နယ်မြေရဲစခန်းက (ပ)၁၆/ ၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ကျော်ဇေယျ(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net/
မိခင်အိမ်လည်သွားခိုက် အရွယ်မရောက်သေးသော မယားပါသမီးအား ပထွေးဖြစ်သူက အဓမ္မပြုကျင့် မိခင်အိမ်လည်သွားခိုက် အရွယ်မရောက်သေးသော မယားပါသမီးအား ပထွေးဖြစ်သူက အဓမ္မပြုကျင့် Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.