"မျက်စိရှေ့တင် ပစ်ခတ်မှုဖြစ်တာ။ ကားတွေကို ကေအိုင်အေဘက်တံဆိပ်နဲ့လူတွေက တားပြီးရပ်ခိုင်းတာ။ အဲဒီအချိန် စစ်တပ်က ချက်ချင်းတွေ့ပြီး ပစ်ကြတာ။ သူပစ်ကိုယ်ပစ်ပဲ ကားသမားတွေနဲ့ အနီးနားက လူတွေကတော့ ကျောက်ထုတ်တဲ့စခန်းကို ပြေးတဲ့သူကပြေး၊ တွေ့ရာ နေရာဝပ်ပြီး ပုန်းနေကြရတယ်"ဟု အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သည့် ကားသမားတစ်ဦးက ပြောသည်။
ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ကားအစီး(၄၀)ခန့် ပိတ်မိနေခဲ့သော်လည်း ပစ်ခတ်မှုကြောင့် ခရီးသွားများ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ရှောင်ပြေး၍ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကိုင်အဖွဲ့က ကားလမ်းမအတိုင်းထွက်ပြေးသွားသည်ကို တွေ့ရကြောင်း ခရီးသွားအချို့ထံမှ သိရသည်။
လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် နိုဝင်ဘာလ (၂၀) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနောက် နယ်မြေအတွင်း မကြာခဏ ပစ်ခတ်မှုအချို့ ဖြစ်ပွားနေခြင်းဖြစ်သည်။
သတင်း - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net
ကွတ်ခိုင်အနီး နမ့်ပါချီတွင် ကားများကိုတားသည့် လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော် ပစ်ခတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:00
Rating:
