သီပေါနမ့်လန်ဈေး မီးလောင်မှု ကျပ်သိန်းပေါင်း (၂၅၀၀)၀န်းကျင်ဆုံးရှုံး


ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ထဲက နမ့်လန်ဈေးမီးလောင်မှုဖြစ်ပွားခဲ့ရာမှာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း(၂၅၀၀)၀န်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။

ဆိုင်ခန်းဆုံးရှုံးမှုတန်ဖိုးမှာကျပ်သိန်းပေါင်း (၁၂၀၀)ကျော်ရှိခဲ့ကာ ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း(၂၃၀၀)ကျော်ရှိခဲ့ပါတယ်။

 မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်နဲ့ လူနေအိမ်တွေ ထိခိုက်ဆုံးရှုံးမှုမရှိပေမယ့် ဈေးအတွင်းရှိ (၈)ပေပတ်လည်သွပ်မိုး/အုတ်ကာ အုတ်ခင်းဆိုင်ခန်း(၁၀၂)ခန်း၊ (၄)ပေပတ်လည် သွပ်မိုး/ပျဉ် ကာ အုတ်ခင်းဆိုင်ခန်း(၂၂၈)ခန်း၊ ပျံကျဈေးဆိုင်ခန်း(၂၁၅)ခန်း၊ စုစုပေါင်း(၅၄၅)ခန်းပျက်စီးဆုံး ရှုံးခဲ့ပါတယ်။

 နမ့်လန်မြို့ရဲ့တောင်ဘက် (၄)ဖါလုံခန့်အကွာမှာ ရှိတဲ့ နမ့်လန်ကျေးရွာအုပ်စု တောင်ပိုင်းရပ်ကွက်ရှိ စည်ပင်သာယာဈေးအတွင်း နိုဝင်ဘာ(၆)ရက် ည(၆)နာရီ(၄၅)မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 မီးလောင်မှု ဖြစ်ပွားလျှင်ဖြစ်ပွားခြင်း နမ့်လန်ကျေးရွာရှိ မီးသတ်ကား(၂)စီး၊ ရေသယ်ကား(၂)စီးတို့နဲ့ စတင် ငြိမ်းသတ်ခဲ့ပြီး သီပေါမြို့မှ မီးသတ်ကား(၃)စီး၊ ကျောက်မဲမြို့မှ မီးသတ်ကား(၂)စီး ရောက်ရှိလာကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပါတယ်။

 ည(၈)နာရီခွဲအချိန်ခန့်မှာ မီးထပ်မံ မကူးစက်အောင်ထိန်းသိမ်းနိုင်ခဲ့ပြီးည(၉)နာရီအချိန်မှာတော့မီးညွန့်ကျိုးအောင်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ရဲတပ်ဖွဲ့ဝင်တွေ၊နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ပြည်သူလူထုက၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
သီပေါနမ့်လန်ဈေး မီးလောင်မှု ကျပ်သိန်းပေါင်း (၂၅၀၀)၀န်းကျင်ဆုံးရှုံး  သီပေါနမ့်လန်ဈေး မီးလောင်မှု ကျပ်သိန်းပေါင်း (၂၅၀၀)၀န်းကျင်ဆုံးရှုံး Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.