စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်

ဗီဇာကင်းလွတ်ခွင့်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ဦးဇော်ဌေး FB)
   ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

    စင်ကာပူ လူဝင်မှုကြီးကြပ်ရေး က မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်တစ်စောင်ကို ယနေ့ (၂၄/၁၁/၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယင်းကြေညာချက်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)  မြန်မာနိုင်ငံသို့ ဇွန်လ ၇ မှ ၁၀ ရက်အထိ သွားရောက်လည်ပတ်စဉ် နိုင်ငံတော်အတိုင်ပင်ခံနှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သက်သေထား၍ စင်ကာပူ နှင့် မြန်မာတို့ သံတမန်နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးလဲလှယ်ချက်အရ ယခုဗီဇာကင်းလွတ်ခွင့်အားခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းကြေညာချက်ထဲတွင်ပါရှိသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား နှစ်သိန်းကျော် ဟာ စင်ကာပူ၌ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်  စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.