မရမ်းကုန်းမြို့နယ် စွယ်တော်ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်းမှ ကျည်ဆံများတွေ့


ရန်ကုန်၊ နိုဝင်ဘာ ၇

၆.၁၁.၂၀၁၆ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ စွယ်တော်ကန်ပေါင်လမ်းရှိ ကားပါကင်တွင် လာရောက် ကူညီလုပ်ကိုင်ပေးသူ ကလေးငယ်(၂)ဦးမှ ကန်ပတ်လမ်းဘေး ခြုံပုတ်
အတွင်း၌ ကျည်ဆံများတွေ့ရှိခဲ့ကြောင်း သိရပါသည်။


သတင်းအရ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး
ရာ အဆိုပါနေရာတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက် ပွိုင့် ၂၂ ကျည် (၉၁)တောင့်နှင့် ၎င်းနေရာအနီးရှိ ရေမြောင်းဘေးခြုံပုတ်အတွင်းမှ ပွိုင့် ၂၂ ကျည့်(၅၀)တောင့်တို့တွေ့ရှိသဖြင့် သိမ်းဆည်းပြီး စုံစမ်းဆောင်
ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
မရမ်းကုန်းမြို့နယ် စွယ်တော်ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်းမှ ကျည်ဆံများတွေ့ မရမ်းကုန်းမြို့နယ် စွယ်တော်ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်းမှ ကျည်ဆံများတွေ့ Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.