ကန့်ဘလူမြို့နယ်တွင် လူ ၇၄ ဦးခန့် အစာအဆိပ်သင့်မှုဖြစ်ပွား


ကန့်ဘလူ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာအုပ်စု၊ လျှော်ဖြုကုန်းကျေးရွာ မင်္ဂလာဆောင်၌ ထမင်းဖြင့် ဧည့်ခံကျွေးမွေးရာ လူဦးရေ ၇၄ ဦးခန့် အစာအဆိပ်သင့်ပြီး အော့အန်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါအခင်းဖြစ်ပွားမှုနှင့် နီးစပ်ရာ ကိုးထောင်ဘို့ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ကိုးထောင်ဘို့ရဲကင်း စခန်းမှူးနှင့်အဖွဲ့၊ ကိုးထောင်ဘို့ ကျန်းမာရေး ဝန်ထမ်းများ အဖွဲ့တို့မှ လျှော်ဖြူကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိသည်။

ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဦးသက်လွင်က ကောလင်းမြို့နယ်ကျန်းမာရေးဌာနသို့ အကူအညီပေးနိုင်ရန်တောင်းခံထားပြီး၊ ကန့်ဘလူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးစိုးသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးမြင့်ဇော်၊ ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ဆံ့ဆေးရုံမှ ဆရာဝန်အဖွဲ့နှင့်အတူ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကနဦး သတင်းအရ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကန့်ဘလူမြို့နယ်တွင် လူ ၇၄ ဦးခန့် အစာအဆိပ်သင့်မှုဖြစ်ပွား  ကန့်ဘလူမြို့နယ်တွင် လူ ၇၄ ဦးခန့် အစာအဆိပ်သင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.