အလက်ပ်ပိုမှာ ၃ ရက် အတွင်း အယောက် ၆ဝ ဝန်းကျင် သေဆုံး

အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေတွေကို ဆီးရီးယား အစိုးရတပ်က ပြန်လည် တိုက်ခိုက်
ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့မှာ သူပုန် ထိန်းချုပ် နယ်မြေတွေကို တိုက်ခိုက် လာခဲ့ပြန်တဲ့ ဗုံးကြဲမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခု နောက်ဆုံး ဖြစ်ရပ် တွေ အတွင်း အရပ်သား ၂၅ ယောက် သေဆုံး ခဲ့ရတယ်လို့ ဆီးရီးယား အရေး စောင့်ကြည့် နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ နိုဝင်ဘာ ၁၅ ရက် က စပြီး အလက်ပ်ပို အရှေ့ဘက်ခြမ်း နယ်မြေတွေကို ဆီးရီးယား အစိုးရတပ်က ပြန်လည် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။

အဲဒီ အင်္ဂါနေ့က စလို့ ၃ ရက် အတွင်း သေဆုံးသူ အနည်းဆုံး အယောက် ၆ဝ ရှိနေပြီ ဖြစ်တယ် ဆိုပြီး ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

အရှေ့ဘက်ခြမ်း နယ်တွေထဲ စည်းပိုင်းဗုံးတွေ ဖြုတ်ချ ပေါက်ကွဲသံတွေကို ကြားနေ ခဲ့ရတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဒါ့အပြင် အလက်ပ်ပိုကို ချိန်ရွယ် ပစ်ခတ်နေတဲ့ ရုရှားရဲ့ ခရူ့ဇ် ဒုံးကျည် တစ်စင်းကိုလည်း တွေ့ခဲ့ ကြရပါတယ်။

ဒုံးကျည်ဟာ မြို့ကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူးလို့ မော်စကို အစိုးရက အစောပိုင်းက ထုတ်ပြန် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ