တောင်ကြီးမြို့ မဲသောင်းကျေးရွာ၌ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်မှု ဖြစ်ပွား


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု မဲသောင်းကျေးရွာတွင် အသက် (၆) နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအား မိခင်ဖြစ်သူဈေးဝယ်သွားစဉ် နေအိမ်အနီးနေထိုင်သူက အဓမ္မပြုကျင့်ပြီး ပစ်ထားခဲ့မှု ဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

“ဒီလိုအရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် သေချာစောင့်ရှောက်ဖို့ အရမ်းလိုအပ်ပါတယ်။ အမေတွေက ဈေးတွေသွားချိန်မှာဆိုလည်း တကယ့်စိတ်ချရတဲ့သူရဲ့ လက်ထဲအပ်ခဲ့ပါ။ တစ်ယောက်တည်း ကလေးကို အိမ်မှာ မပစ်ထားပါနဲ့။ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်”ဟု အမှတ် (၁) တောင်ကြီး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်ဇော်ထွန်းက Tachileik News Agency သို့ ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ (၄) ရက်နေ့က သားသမီး သုံးဦးအား နေအိမ်အလုပ်သမားတန်းလျားတွင် ဆော့ကစားခိုင်းပြီး  မိခင်ဖြစ်သူက ဈေးသွားဝယ်စဉ် တဝန်းထဲနေ ကျော်အောင် (၃၄) နှစ်က ဆော့ကစားနေသော ကလေးငယ်များ အနက် အသက် (၆)အရွယ်ကလေးငယ်အား မုန့်ကျွေးမည်ဟု ခေါ်ဆောင်သွားကာ ကျေးရွာအနောက်ဘက် ပဲစိမ်းငုံခင်းအနီး ရေမြောင်းအတွင်းခေါ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။

ကလေးငယ်ပျောက်ဆုံး၍ ကျေးရွာမှလိုက်ရှာရာ ရေမြောင်းအတွင်း ကော်ဇောဖျာစုတ်ဖြင့် ပတ်ထားလျှက် မိန်းမကိုယ်အင်္ဂါအတွင်းမှ သွေးထွက်နေပြီး သတိလစ်နေသည့် မိန်းကလေးအားတွေ့ရှိရ၍ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှ ဆေးစစ်ချက်ယူကာ အမျိုးသမီးဆေးရုံနှင့် ကလေးဆေးရုံသို့ ပို့ဆောင် ကုသလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျော်အောင်အား နယ်မြေရဲစခန်းတွင် (ပ)၅၄၄/၂၀၁၆ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၃ /၃၇၆ ဖြင့်  အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်း - နိုနို
Tachileik News Agency
http://www.tachileik.net
တောင်ကြီးမြို့ မဲသောင်းကျေးရွာ၌ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်မှု ဖြစ်ပွား  တောင်ကြီးမြို့ မဲသောင်းကျေးရွာ၌ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.