တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒုတိယနေ့မှာ မီးပုံးပျံ ၂ လုံးမီးလောင်ပျက်စီး

ဓာတ်ပုံ - တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော် ပုံရိပ်များ FB

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပလျက်ရှိရာ နိုဝင်ဘာလ (၇) ရက်နေ့ က ရာသီဥတုကြောင့် ညမီးကြီး မီးပုံပျံတစ်လုံးနဲ့ စိန်နပန် မီးပုံးပျံတစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ တောင်ကြီးမီးပုံးပျံပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင် ကိုစိုင်းအောင်မျိုး က 5plus ကိုပြောပါတယ်။

 ပွဲအစီအစဉ်အရ နိုဝင်ဘာလ (၇) ရက်ညက ညမီးကြီး မီးပုံးပျံ (၁၃) လုံးလွှတ်ရာမှာ တစ်လုံးမီးလောင်ပျက်စီးခဲ့ပြီးစိန်နပန်(၃)လုံးလွှတ်ရာ မှာတော့(၁)လုံး မီးလောင်ကာ တစ်လုံးက ပြန်ကျလာတာကြောင့် မီးပုံးပျံတစ်လုံးသာ အမြင့်ကိုတက်နိုင်တယ်လို့ဆိုပါတယ်။

ရာသီဥတုကြောင့် မီးပုံး အမျိုးအစားနှစ်ခုက မီးပုံးတစ်လုံးစီမီးလောင်ခဲ့ပေမယ့်လူတွေ ကိုတော့ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ(၆)ရက်နေ့ကနေ (၁၄)ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။

5 Plus News
https://www.facebook.com/5plusnews
တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒုတိယနေ့မှာ မီးပုံးပျံ ၂ လုံးမီးလောင်ပျက်စီး  တောင်ကြီးတန်ဆောင်တိုင်ပွဲ ဒုတိယနေ့မှာ မီးပုံးပျံ ၂ လုံးမီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.