မောင်တောမြို့နယ် တောင်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေ


နိရဉ္စရာ၊ နိုဝင်ဘာ ၃

မောင်တောမြို့နယ် တောင်ပိုင်း ဘဂုန ရွာတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

တိုက်ပွဲမှာ ၎င်းရွာတွင် တပ်စွဲထားသော စစ်တပ်အား ဘင်္ဂလီ အကြမ်းဖက် သမားများက ၀င်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်ဟု တိုက်ပွဲ ဖြစ်ရာနှင့် တစ်ဖာလုံ အခန့်အကွာတွင်ရှိသော ကင်းချောင်းရွာသား တစ်ဦးက ပြောသည်။

“ တိုက်ပွဲ ဖြစ်ပွားတာက ညနေ ၆ နာရီ မိနစ် ၂၀ လောက်က စကြားတာပါ။ အတွဲလိုက် ပစ်ခတ်သံတွေကို အခုထိ ကြားနေရပါတယ်။ ရွာသားတွေလည်း စိုးရိမ်ပြီး အိမ်ထဲမှာဘဲ နေကြပါတယ်” ဟု ပြောကြားသည်။

ညနေ ၇ နာရီခွဲထိ သေနတ်သံများကြားနေရဆဲဟု ဒေသခံများကပြောသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ် တောင်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေ မောင်တောမြို့နယ် တောင်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.