ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၆.၁၁.၂၀၁၆ ရက်နေ့ ၂၂း၀၅ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ အမှတ်(၁)ရပ်ကွက်၊ စက်မှု(၁)လမ်း၊ အမှတ်(၁၄၉)ရှိ အကယ်ဒမီဖန်ချက် စက်ရုံ၌ ဘွိုင်လာမှ ဖန်ရည်များပေါက်ထွက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၂၂၁၅ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ် ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.