သိန်းနီ တံတား မိုင်းခွဲတိုက်ခိုက်ခံရ


Breaking news 20-11-2016

ရှမ်းပြည်နယ် သိန်းနီ တံတား ယနေ့မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရပါတယ်။ ပေါက်ကဲမှုဟာ ပြင်းထန်ပြီး နေရာ အတော်များများက ကြားခဲ့ရကြောင်း တံတားနေရာမှာ တွင်းပေါက်ကြီးဖြစ်သွားခဲ့ပြီး လက်တန်းဘောင်တွေ ပျက်ဆီးသွားခဲ့ပါတယ်။


ဖြစ်ပွားတဲ့နေရာကို တပ်မတော်နဲ့  ရဲတပ်ဖွဲ့ ဝင်တွေ လာရောက်စစ်ဆေးနေကြ ပါတယ်။ ကားတစ်စီးပေါ်မှာ ဖေါက်ခွဲရေးပစ္စည်းတွေ တင်လာပြီး ပေါက်ခွဲလိုက် တာလို့  ပြောနေကြသလို ၊လမ်းဘေးကနေ ကား
အလာစောင့်ပြီး မိုင်းခွဲတာလို့ လည်း ဒေသခံတွေကပြောဆိုနေရပါတယ်။


သိန်းနီးဘက်အခြမ်းတံတားလက်ရန်းနှင့် ကွန်ကရစ်ကြမ်းခင်း ၆ ပေပတ် လည်ခန့်အပေါက် ဖြစ်သွားပြီး ယာဉ်ငယ်တစ်စီးပျက်စီး တယ် အခင်းဖြစ် တဲ့နေရာ သိန်းနီ တံတားကိုဖြတ်သန်းမယ့် ကားတန်းတွေ ပိတ်ဆို့ ရပ်တန့် နေကြတယ်လို့  အဆိုပါဒေသ ရောက်နေသူတွေ က ပြော ဆိုနေကြပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ငယ်ကတော့ တစ်စစီလွှင့်ထွက်သွားခဲ့ပြီး ယာဉ်ပေါ်မှာ မည်သူတွေ ပါတယ် ထိခိုက်ဒဏ်ရာ ရတာတွေ အာဏာပိုင်တွေ ဘက်ကထုတ်ပြန်မယ်လို့ သိရပါတယ်။

Photo သိန္နီသူ/သားများ
Social Action for Women - SAW
သိန်းနီ တံတား မိုင်းခွဲတိုက်ခိုက်ခံရ   သိန်းနီ တံတား မိုင်းခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.