နေ့ခင်းကြောင်တောင်အချိန်​တွင်​ ကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား


မန္တ​လေး၊ နိုဝင်​ဘာ ၂၈။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၄ လမ်းနှင့် ၇၉ လမ်းထောင့် မန္တလေးဘူတာကြီးအနီး ကျူးကျော်နေအိမ် တစ်ခုတွင် နိုဝင်ဘာလ ၂၇ရက်နေ့ ၁၀ နာရီခန့်က ကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဓမ္မပြုကျင့်ခံရသူ ကလေးငယ်နှစ်ဦးမှာ ၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် ၄ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးတို့ဖြစ်ပြီး ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

"မြို့မရဲစခန်းက ရဲတွေလာဖမ်းသွားပြီး ခုစခန်းမှာ ချုပ်ထားတယ်။ အမှုလည်းဖွင့်ထားပြီးပါပြီ။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးတွေနဲ့ တရားခံက အိမ်နီးချင်းတွေဖြစ်တယ်"ဟု မီးရထားရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အဓမ္မပြုကျင့်သူ လှထွေး (ခ) ကျင်ဝှက်အား (ပ)၅၃/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် မီးရထားရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

၎င်းဖြစ်စဉ်ဖြစ်ပွားရာနေရာသည် ကျူးကျော်ထိုင်သူများ အခြေချနေထိုင်သည့် နေရာဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဓမ္မပြုကျင့်မှု မှုခင်းမှတ်တမ်း ဓါတ်ပုံ - (facebook)
နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar

နေ့ခင်းကြောင်တောင်အချိန်​တွင်​ ကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား နေ့ခင်းကြောင်တောင်အချိန်​တွင်​ ကလေးငယ်နှစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.