![]() |
ရွှေပြည်သာမြို့နယ်ရှိ ၀ါဂွမ်းစက်ရုံ မီးလောင်မှုဖြစ်စဉ်အား စစ်ဆေးရာမှ ကွမ်းစားဆေးအတုများ တွေ့ရှိသိမ်းဆည်းရမိ |
၂၆.၁၁.၂၀၁၆ ရက်နေ့ ၁၅၁၄ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်(၅)လမ်း၊ ၀ါဂွမ်းစက်ရုံရှိ ဂိုဒေါင်မီးလောင်မှုဖြင့် ပိုင်ရှင်ဖြစ်သူ မောင်မောင်အေး၊ ၄၉ နှစ်အား ရွှေပြည်သာမြို့မရဲစခန်း(ပ)၁၃၅၀/၂၀၁၆၊ ရာသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးခဲ့ရာ ၎င်းဂိုဒေါင်၌ နိုင်ငံခြားကွမ်းစားဆေးထည့်သည့် ဘူးခွံများ၊ နိုင်ငံခြားကွမ်းစားဆေးအတုများအားတွေ့ရှိခဲ့ရပြီး မီးလောင်မှု စတင်ဖြစ်ပွားရခြင်းမှာလည်း ကွမ်းစားဆေးအတုများအား ဘူးခွံများအတွင်းသို့ ထည့်သွင်းပြီး အဖုံးပိတ်စက်ဖြင့် အဖုံးပိတ်စဉ် ၀ါယာရှော့ဖြစ်ကာ ၀ါဂွမ်းများသိုလှောင်ထားရှိသည့်နေရာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် မီးလောင်သည့်ဂိုဒေါင်နှင့် အခြားဂိုဒေါင်များအတွင်းမှ HALCHAL တံဆိပ်ပါ အဖုံးခွံတစ်အိတ်လျင် ၂၅၀ ခုပါ ၅၅ အိတ်၊ PARIJAT(Queen) တံဆိပ်ဘူးခွံတစ်အိတ်လျင် ၂၅၀ ဘူးပါ ၂ အိတ်၊ HALCHAL တံဆိပ်ပါ ကတ္ထူစက္ကူမီးလောင်ရေစိုလျက် ၅ အိတ်၊ မီးလောင်ထားသောဘူးခွံ ၁၀၀ ဘူးပါ ဆာလာအိတ် ၆ အိတ်၊ နိုင်ငံခြားကွမ်းစားဆေးဟုယူဆရသော ၁၀ ဘူးပါ
စက္ကူဖာ ၆ ဖာနှင့် ရေစုပ်စက် ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းသို့ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင်ဖြစ်သူ ရဲဝင်းနိုင်၊(၂၃)နှစ်နှင့် ခင်စိုး၊ (၄၁)နှစ် တို့အား ရွှေပြည်သာမြို့မရဲစခန်း(ပ)၁၃၅၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ ဖြင့်လည်းကောင်း၊ (ပ)၁၃၅၀/၂၀၁၆၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ဖြင့်လည်းကောင်း
အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
ရွှေပြည်သာမြို့နယ်မှာ ကွမ်းစားဆေးအတုလုပ်တဲ့ စက်ရုံ ဖမ်းမိ
Reviewed by THITHTOOLWIN
on
12:31
Rating:
