မန္တလေး ချမ်းမြ သာစည်မြို့နယ်ရှိ ဖိနပ်စက်ရုံ တစ်ရုံတွင် မီးလောင်မှုဖြစ်ပွား


မန္တလေး၊ နိုဝင်ဘာ- ၂၆

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သီတာအေးရပ်ကွက်၊ အကွက်အမှတ် (၉၀၂)မြောက်ပိုင်းရှိ ကုလားအုပ်ပြာ ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ (၂၆)ရက် နံနက် (၉း၃၈)နာရီခန့်က လုပ်ငန်းခွင် အတွင်း ဖိနပ်ကော်ကပ်ရန် ရာဘာကော်ကြို ရာမှ တဆင့် မော်တာဒလက်က စတင်ကာ မီးလောင်မှုဖြစ် ပွား ခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကို Level 1 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ် (၁၀)စီးဖြင့် သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦးနှင့် ရပ်ကွက်နေပြည် သူများမှ ၀ိုင်းဝန်းငြိမ်း သတ်ရာ (၀၉း၄၂)နာရီခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကြောင့် ဖိနပ်စက်ရုံ လုပ်သားတစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မန္တလေး ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကာ လုပ်ငန်းသုံးပစ္စည်းအချို့နှင့် ဖိနပ်များ ပျက်စီးဆုံးရှုံး ကြောင်းနှင့် ပိုင်ရှင် ဦးကျော်မြင့်နှင့် မန်နေဂျာဒေါ်ကြူလီစန်း တို့အား အမှတ်(၁၁)ရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

( ချမ်းမြသာစည် မြို့နယ် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မန္တလေး ချမ်းမြ သာစည်မြို့နယ်ရှိ ဖိနပ်စက်ရုံ တစ်ရုံတွင် မီးလောင်မှုဖြစ်ပွား မန္တလေး ချမ်းမြ သာစည်မြို့နယ်ရှိ ဖိနပ်စက်ရုံ တစ်ရုံတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:23 Rating: 5
Powered by Blogger.