ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ အနက်ပေ(၄၀၀)ခန့် ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ပြီး ၃ ဦးသေဆုံး၊ ၃၁ ဦး ဒဏ်ရာရ

ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ အနက်ပေ(၄၀၀)ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ပြီး သေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ နိုဝင်ဘာ ၁၅

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၇/၃-၄) ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားကြောင်း သတင်းအရ ကျပ်ပြင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ မိုးကုတ်မှ မန္တလေးသို့ မတ္တရာမြို့နယ်၊ ရွှေဘုံသာကျေးရွာနေ ဦးတင်စိုး(၅၂)နှစ် မောင်းနှင်သော ၇က/×××× Rosa ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ အနက်ပေ(၄၀၀)ခန့်ရှိ ချောက်ထဲသို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါ လာသည့် ခရီးသည်(၃၄)ဦးအနက် ဒေါ်နော်နော် ပါ(၃)ဦးသည် ဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့သည်။

 ဒေါ်သန်းသန်း(၅၈)နှစ် ပါ(၃၁)ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိုးကုတ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးတင်စိုး အား ကျပ်ပြင်နယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ အနက်ပေ(၄၀၀)ခန့် ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ပြီး ၃ ဦးသေဆုံး၊ ၃၁ ဦး ဒဏ်ရာရ  ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ အနက်ပေ(၄၀၀)ခန့် ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ပြီး ၃ ဦးသေဆုံး၊ ၃၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.