အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းရင် အန္တရာယ်ရှိ

Photo: U.S. Forces Korea
အာရှတိုက်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပြန်လည်ရုပ်သိမ်းလိုက်မယ်ဆိုရင် မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ အာရှနိုင်ငံတွေအတွင်း လက်နက်အပြိုင်အဆိုင် တိုးချဲ့တပ်ဆင်မှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ အာရှရန်ပုံငွေအဖွဲ့က အစီရင်ခံစာတစောင် မနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါ်နယ် ထရမ့်က တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံတွေမှာ တပ်စွဲချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေအတွက် ကုန်ကျငွေကို အခုထက်ပိုမိုထည့်ဝင်ဖို့လိုကြောင်း ပြောထားပါတယ်။

 လက်ရှိမှာ အဲဒီလို တပ်ဖွဲ့တွေသွားရောက်တပ်စွဲချထားပေးမှုအတွက် အမေရိကန်အစိုးရကို တောင်ကိုးရီးယားက ဒေါ်လာသန်း ၈၆ဝ နဲ့ ဂျပန်က ဒေါ်လာ သန်း ၂ဝဝဝ နှစ်စဉ်ပေးနေပါတယ်။

 အဲဒီငွေဟာ ကုန်ကျငွေရဲ့ တဝက်ပဲရှိတဲ့အတွက် ထပ်တိုးမပေးရင် မိမိတို့ တပ်ဖွဲ့တွေပြန်ရုပ်သိမ်းဖို့ စဉ်းစားမယ်လို့ ထရမ့်ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ