ကိုမျိုးရန်နောင်သိမ်းအမှု ရှေ့နေတင်သွင်းလွှာ ပယ်ချခံရ

( ကိုမျိုးရန်နောင်သိမ်းကို နိုဝင်ဘာလ ၉ ရက်နေ့က လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ် ) Photo: Htet Arker/ RFA
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းအတွက် ရှေ့နေအဖြစ် ဦးကျော်ဟိုးကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာတင်သွင်းခဲ့ရာမှာ တရားရုံးကပယ်ချခဲ့ပါတယ်။

ကိုမျိုးရန်နောင်သိမ်းအမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ရဲတပ်ဖွဲ့ဘက်က ရမန်ထပ်ယူတာကို ကန့်ကွက် အပြီးမှာ အခုလို ရှေ့နေအဖြစ်ပါဝါလွှဲတာကို ပယ်ချခံရတာဖြစ်တယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။

ဒီနေ့ ရုံးထုတ်ရာမှာ ကိုမျိုးရန်နောင်သိမ်းအမှုကို ရဲတပ်ဖွဲ့ဘက်က ဒုတိယအကြိမ်မြောက်အဖြစ် ရမန် ၈ ရက်ဆက်ယူခဲ့တာကြောင့်လာမဲ့ ၁၇ ရက်နေ့မှာမှ အမှုကိုစတင်စစ်ဆေးရမှာဖြစ်ပါတယ်။

ကိုမျိုးရန်နောင်သိမ်းဟာ ကာကွယ်ရေးဦးစီးချူပ်ကို စော်ကားတဲ့စားသားကို ဖေ့ဘွတ်စာမျက်နာမှာ တင်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချူပ်က ဒုတိယဗိုလ်မှုးကြီးလင်းထွန်းက တရားလိုလုပ် တိုင်းကြားခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းစီးဆီးခံလိုက်ရတာဖြစ်ပါတယ်။

ကိုမျိုးရန်နောင်သိမ်းက ဆက်သွယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဟာ တိုင်တန်းသူတရာလိုဖက်က အသားစီးရနေတဲ့ ပုဒ်မဖြစ်ကြောင်း ဒီကနေ့ရုံးထုတ်မှာပြောပါတယ်။

ဆက်သွယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဟာ အများဆုံးထောင်ဒဏ် ၇ နှစ်လောက်ထိ ကျခံရနိုင်ပြီး အာမခံ မရတဲ့ဥပဒေ ပုဒ်မဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကိုမျိုးရန်နောင်သိမ်းအမှု ရှေ့နေတင်သွင်းလွှာ ပယ်ချခံရ ကိုမျိုးရန်နောင်သိမ်းအမှု ရှေ့နေတင်သွင်းလွှာ ပယ်ချခံရ Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.