မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာ၏ ခြံဝင်းတစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ တူးဖော်ရရှိ


နေပြည်တော် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက် စဉ် ယနေ့နံနက် ၁ဝ နာရီခွဲခန့်က ဝါးပိတ်ကျေးရွာ၏ အနောက်ဘက် လူမနေသည့် ခြံဝင်းတစ်ခုအတွင်းရှိ စိုက်ခင်းဟောင်းနေရာ၌ မြေသားများပွနေသည်ကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ဘီအေ ၉၄ သေနတ်လေးလက်နှင့် ယင်းကျည်အိမ် သုံးခု၊ အမ်အေ ၁၁ တစ်လက်နှင့် ယင်းကျည်အိမ်နှစ်ခု၊ ၉မမ ကျည်အတောင့် ၂ဝ တို့ကို တူးဖော်တွေ့ရှိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းများအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ စီးနင်းတိုက်ခိုက်စဉ်ပါရှိသွားသော လက်နက်ခဲယမ်းများဖြစ်ပြီး အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

(မြဝတီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာ၏ ခြံဝင်းတစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ တူးဖော်ရရှိ  မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာ၏ ခြံဝင်းတစ်ခုအတွင်းမှ လက်နက်ခဲယမ်းများ တူးဖော်ရရှိ Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.