![]() |
ကဒ်လူမျိုးစု ပြည်သူ့စစ် တိုက်ခိုက်ရေးသမား တဦး |
IS အဖွဲ့က သူတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတဲံ Raqqa မြို့ ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ချိန် အဲဒီ အမေရိကန် အပျော်တမ်း တိုက်ခိုက်ရေးသမားဟာ မြို့ရဲ့ မြောက်ပိုင်းမှာ ကျဆုံးသွားတာလို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ပင်မ ကဒ်လူမျိုးစုတွေရဲ့ တပ်ဖွဲ့ဖြစ်တဲ့ YPG အဖွဲ့က တပ်မှူး တဦးက အမေရိကန်နိုင်ငံသား သေဆုံးကြောင်း ဗွီအိုအေကို အတည်ပြု ပြောကြားပေမယ့် အသေးစိတ်တော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ သေဆုံးမှုနဲ့ပတ်သက်လို့ YPG အနေနဲ့ အင်္ဂါနေ့မှာ အသေးစိတ် ထုတ်ပြန်သွားမယ်လို့ အမည်မဖော်လိုတဲ့ အဲဒီ တပ်မှူးက ပြောပါတယ်။
အပျော်တမ်း တိုက်ခိုက်ရေးသမားရဲ့ အလောင်းကို Qamishli (ကာမီရှလီ) မြို့ကို ဦးစွာ သယ်ဆောင်သွားပြီးတဲ့နောက် အမေရိကန်နိုင်ငံကို ပြန်မပို့ခင် အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ ကဒ်လူမျိုးစုတွေရဲ့ ဒေသကို သယ်ဆောင်သွားမှာ ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် Mahmoud Bali က ပြောပါတယ်။
သူ့ရဲ့ အလောင်းကို အမေရိကန်နိုင်ငံ ပြန်သယ်ဆောင်ရေးတွက် ကဒ်လူမျိုးစု အရာရှိတွေအနေနဲ့ အီရတ်နိုင်ငံ၊ ဘက်ဂဒတ်မြို့က အမေရိကန်သံရုံးနဲ့ စီစဉ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဆီးရီးယားမှာ အမေရိကန်အပျော်တမ်း တိုက်ခိုက်ရေးသမား သေဆုံး
Reviewed by THITHTOOLWIN
on
07:04
Rating:
