မင်းလှမြို့ နယ်မှာ ၁၅ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ
သမီးဖြစ်သူအား နေအိမ်တွင်းဝင်ရောက်အလိုမတူဘဲသားမယားပြုကျင့်သော တစ်ရွာတည်းသားအား ဖခင်မှတိုင်ကြားအမှုဖွင့်
သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လက်ခုပ်ပင်ကျေးရွာနေ အမျိုးသားတစ်ဦးမှ ၎င်း၏သမီးဖြစ်သူအား နေအိမ်တွင်း ဝင်ရောက်သားမယားပြုကျင့်ခဲ့သော တစ်ရွာတည်းသားအား နိုဝင်ဘာ ၁၆ ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှသိရသည်။
 ဖြစ်စဉ်မှာ ဦးသောင်းတင်(ခ)ရွှေလုံး၊ ၅၂နှစ်၊ လက်ခုပ်ပင်ကျေးရွာ၊ မင်းလှမြို့နယ်နေသူသည် နိုဝင်ဘာ ၁၅ ရက် နံနက် ၈ နာရီအချိန်က ၎င်း၏ယာခင်း၌ရှိနေစဉ် သမီးကြီးဖြစ်သူ မစုမာထွေး ရောက်ရှိလာပြီး နေအိမ်တွင် ညီမဖြစ်သူ မ----၁၅နှစ်အား တစ်ရွာတည်းနေ ဇင်ကိုမောင်၊၂၀နှစ် မှ သားမယားအဖြစ်ပြုကျင့်နေသည်ကို အပြင်မှပြန်လာစဉ်နေအိမ်အရောက်မြင်တွေ့ခဲ့ကြောင်းပြောပြသိရှိခဲ့သဖြင့် နေအိမ်ပြန်ကာ မ-----အားမေးမြန်းရာ နေအိမ်အောက်တွင် ၎င်းထမင်းချက်နေစဉ် ဇင်ကိုမောင် အရက်မူးရောက်ရှိလာပြီး လက်ကိုဆွဲကာ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းပြောပြသိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။
 ဖြစ်စဉ်နှင့် ပက်သက်၍ ဇင်ကိုမောင်အား အရေးယူပေးရန် နိုဝင်ဘာ(၁၆)ရက်နေ့တွင် ဦးသောင်းတင်(ခ)ရွှေလုံး မှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် မင်းလှမြို့နယ်၊မြို့မရဲစခန်းက (ပ)၃၃၀/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
Powered by Blogger.