မန္တလေးတွင် ညအချိန် မူးယစ်ရမ်းကားသူ လူတစုက ရဲတပ်ဖွဲ့ဝင်များကို ရိုက်နက်မှုဖြစ်ပွား


မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၂၉ လမ်းနှင့် လမ်း ၃၀ ကြား ၈၆ လမ်းမကြီးပေါ်တွင် အမည်မသိ အမျိုးသား ၈ ဦး မူးယစ်ရမ်းကား၍ အော်ဟစ်ဆဲဆိုနေကြောင်း သတင်းပေးချက်အရ ယင်းနေရာသို့ ရဲတပ်ဖွဲ့ဝင်များသွားရောက်ရာတွင် အဆိုပါ မူးယစ်သောက်စားနေသူများမှ “ရဲတွေကဘာကောင်းမို့လို့လဲ”ဟုဆိုကာ ဝိုင်းရိုက်မှုတခု အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ရန် စခန်းမှညွန်ကြားချက်အရ လှည့်ကင်းတာဝန်ထန်ဆောင်လျှက်ရှိသော ဒု-ရဲအုပ် နေလင်းဦး၊ တပ်ကြပ်ကြီး မင်းဇော်ဦး၊ တပ်ကြပ် နေဝင်း၊ ရဲတပ်သား အောင်ကျော်မင်း၊ ရဲတပ်သား ရဲကိုကို၊ ရပ်ကွက်မှအကွက်မှူး ဦးအောင်ခင်၊ ဦးသန်းစိုးတို့နှင့်အတူ သွားရောက်ဟန့်တားခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲဝင်များ တိုက်ခိုက်ခံရစဉ် အမှတ် ၆ နယ်မြေရဲစခန်းမှ အကူအဖွဲ့ရောက်လာပြီး လူရမ်းကား ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲကြေးနန်းစားများအရ သိရသည်။


ဝိုင်းအရိုက်ခံရသော ဒု-ရဲအုပ်နေလင်းဦးနှင့် ရဲတပ်သား အောင်ကျော်မင်းတို့နှစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ လက်နှင့် ဦးခေါင်းနောက်စေ့နေရာများတွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီး ပြင်ပလူနာဌာနသို့ပို့ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

တရားခံများဖြစ်သော ရှိုင်းထက်အောင်၊ အောင်ဆန်းဦး၊ ဇော်မင်းပြည့်၊ ဇော်မင်းလတ်၊ စိုင်းဇော်ထက်၊ သီဟဇော်၊ ဇော်မင်းထွေး၊ ကျော်မျိုးထွေးတို့ ၈ ဦးကို ဒု-ရဲအုပ်နေလင်းဦးက တရားလိုပြုလုပ်ကာ (ပ) ၂၇၄/၂၀၁၆ ရာဇာသတ်ကြီးပုဒ်မ ၂၉၄/၃၃၂/၃၃၃ တို့ဖြင့် အမှတ် (၆) နယ်မြေရဲစခန်းတွင် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စိုင်းထူးခန့်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မန္တလေးတွင် ညအချိန် မူးယစ်ရမ်းကားသူ လူတစုက ရဲတပ်ဖွဲ့ဝင်များကို ရိုက်နက်မှုဖြစ်ပွား  မန္တလေးတွင် ညအချိန် မူးယစ်ရမ်းကားသူ လူတစုက ရဲတပ်ဖွဲ့ဝင်များကို ရိုက်နက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.