ကော့စ်ဘဇားတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူးများဆွေးနွေးခဲ့သော်လည်း လက်ရှိ မောင်တောကိစ္စမပါဝင်ဟုဆို

( ဆွေးနွေးပွဲကို တွေ့ရစဉ်/ ဓာတ်ပုံ- Cox'sbazar News)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၄

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတွင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်မှူးအဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော အရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အဓိက ဆွေးနွေးခဲ့သော အကြောင်းအရာများတွင် နယ်စပ်လုံခြုံရေးကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် စောင့်ရှောက်ကာကွယ်ရေး၊ မူးယစ်မှောင်ခိုကိစ္စ တားဆီးရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု ရရှိရေးအတွက် အားကစားပွဲများ နှစ်နိုင်ငံနယ်စပ်မြို့များတွင် တစ်လှည့်စီကျင်းပရေး၊ ကျရောက်လာသော အခက်အခဲများကို နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ညှိနိုင်းဖြေရှင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Cox’sbazar News မှ သတင်းရေးသားဖော်ပြရာတွင် လက်ရှိ နယ်စပ်တွင် ဖြစ်ပွားနေသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ဖော်ပြသည်။

မြန်မာဘက်က ကိုယ်စားလှယ် ၃၁ ဦးတက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ဘက်က ၂၇ ဦးတက်ရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara
ကော့စ်ဘဇားတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူးများဆွေးနွေးခဲ့သော်လည်း လက်ရှိ မောင်တောကိစ္စမပါဝင်ဟုဆို ကော့စ်ဘဇားတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူးများဆွေးနွေးခဲ့သော်လည်း လက်ရှိ မောင်တောကိစ္စမပါဝင်ဟုဆို Reviewed by THITHTOOLWIN on 13:22 Rating: 5
Powered by Blogger.