စစ်တွေမြို့အနီး ကုလားတန်မြစ်တွင် ကယ်ဆယ်ရေး စက်လှေတစ်စီးမီးလောင်


နိုဝင်ဘာ ၉/DMG

စစ်တွေမြို့အနီး ကုလားတန်မြစ်တွင် ယနေ့နိုဝင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ပေါက်တောမြို့နယ် အနောက်ရဲ ဘင်္ဂလီကယ်ဆယ်ရေးစခန်းသို့ INGOပိုင်ဆိုင် သည့် ပစ္စည်းများဖြင့် ကယ်ဆယ်ရေးပေးရန်သွားသည့်စစ်တွေမြို့ မောလိပ်ရပ်ကွက်နေ ဦးငွေသိန်း ပိုင်ဆိုင် သည့် စက်လှေအမည် Double Great CO.lit စက်လှေတစ်စီးသည် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

မီးလောင်မှုမှာ နေ့လည် ၂ နာရီ ၄၅ မိနစ် အချိန်ကစတင်လောင်ကျွမ်းသွားကာ စစ်တွေမီးသတ်တပ်ဖွဲ့ဝင်များနှင်ြ့မန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဝိုင်းငြိမ်းသတ်နိုင်ခဲ့ပြီး ညနေ ၃နာရီ ၂၀ အချိန်ခန့်တွင် မီးငြိမ်သွားသည်။ယင်းသို့မီးလောင်ခြင်းမှာ အိုင်ဇောပိုက်မှတစ်ဆင့် အပူလွန်ကဲကာ စက္ကူကြားဖာသို့ မီးကူးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာမှူး ဦးစံရွှေထွန်း ကပြောသည်။

“စစ်တွေမြို့ကနေ အနောက်ရဲကယ်ဆယ်ရေးစခန်းသို့ ကယ်ဆယ်ရေးပေးသွားမလို့ပြောတယ်။ပစ္စည်းတွေအကုန်လုံးမီးလောင်ကျွမ်းသွားတယ်။ပစ္စည်းတွေကတော့ သိပ်တန်ဖိုး ရှိတာတွေမပါပါဘူး။မီးဖိုးချောင်းသုံးပစ္စည်းတွေနဲ့တခြားပစ္စည်းတွေပါ။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁ သိန်းလောက်ပဲ ရှိပါတယ်။ ”

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ကနဦးအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ဖဒူ ထွန်း​အောင်
Development Media Group
https://www.facebook.com/DevelopmentNJ/
စစ်တွေမြို့အနီး ကုလားတန်မြစ်တွင် ကယ်ဆယ်ရေး စက်လှေတစ်စီးမီးလောင် စစ်တွေမြို့အနီး ကုလားတန်မြစ်တွင် ကယ်ဆယ်ရေး စက်လှေတစ်စီးမီးလောင် Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.