ပေါက်ခေါင်း နိုဝင်ဘာ ၎
ပဲခူးတိုင်း ဒေသကြီး ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွအုပ်စု၊ အင်ငါးခွ ဦးပိုင်သကြားစက်ရုံတန်း အတွင်းရှိ ဝန်ထမ်းအိမ်ယာလိုင်းခန်း အတွင်း နိုဝင်ဘာ ၄ ရက် (၀၆း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ ဉာဏ်ကြီး (ခ) ကျော်ဇင်အောင် (ဘ) ဦးငြိမ်းမောင်နှင့် မဝင်းဝင်းထွေး (ဘ) ဦးဘကြည် (အင်ငါးခွ သကြားစက်ရုံဝန်ထမ်း) တို့၏ မင်္ဂလာဧည့်ခံပွဲ ကျင်းပ ပြလုပ်ခဲ့ရာ အဆိုပါ မင်္ဂလာဆောင်တွင် အုန်းနို့ခေါက်ဆွဲနှင့် ကျောက်ကျော ကျွေးမွေးခဲ့ပြီး ပရိသတ် ဦးရေ (၃၀၀) ဦးခန့်အနက် (၄၉) ဦးမှာ အစာအဆိပ်သင့်ကြောင်း သိရှိရသည်။
အဆိုပါ အစာအဆိပ်သင့်သူများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဟန်ညွန့်၊ မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး စိုးမြင့်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ဥမ္မာကျော် တို့ သွားရောက်၍ အင်ငါးခွ သကြားစက်ရုံမှ မြို့နယ်ပြည်သူ့ဆေးရုံ သို့ ပေါက်ခေါင်းမြို့ နာရေးကူညီမှု အသင်းရှိ လူနာတင်ယာဉ် (၂) စီးဖြင့် ပို့ဆောင်၍ ကုသမှုပြုလုပ်ခဲ့ရာ အော့အန်မူးဝေ ဝမ်းသွားခြင်းများ ဖြစ်ပြီး မစိုးရိမ်ရကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မင်္ဂလာဆောင်မှာ အစာအဆိပ်သင့်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:27
Rating:
