နေပြည်တော် နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းတပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဘဂုံးနားကျေးရွာသို့ ၀င်ရောက်ရှာဖွေရှင်းလင်းရာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖေ့ဘွတ်ခ်အကောင့် ''Ma Swe Zin'' အမည်ဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ်အကြည်အညိုပျက်စေမည့် မဟုတ်မမှန်သတင်းလွှင့်သူ ရော်ဟီးမူလာ(ဘ) နော်ဇီရာမောက်နှင့် ညီဖြစ်သူ အာမာန်အူလာတို့အား တယ်လီဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီနှစ်ဦးအား တရားဥပဒေအရ စစ်ဆေးအရေးယူနိုင်ရေး မောင်တောမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းလွှင့်သူ ဘင်္ဂါလီနှစ်ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:35
Rating:
