မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ


နေပြည်တော် နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ဒုက္ခသည် စခန်းအတွင်း နေထိုင်သူများအနက် အချို့သောသူများသည် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများအား ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက် စစ်ဆေးရှာဖွေရာ ယနေ့မွန်းလွဲ ၁ နာရီတွင် စခန်းနေ ဖေမာမောက်(ဘ) အာဇီရာမောက်နှင့် ရှော်ရှီတာမောက်(ဘ) ကာဆီ တို့ ၂ ဦးအား ဖမ်းဆီးရမိ ခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အင်းဒင်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ  မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.