သင်္ဃန်းကျွန်းမြို့နယ်မှာ နိုင်ငံခြားအရက်အတုများ ပြုလုပ်ရောင်းချသူအား ဖမ်းဆီးအရေးယူ

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၌ အရက်အတုပြုလုပ်သူအား ဖမ်းဆီးအရေးယူ
ရန်ကုန်၊ နိုဝင်ဘာ ၂၉

၂၈.၁၁.၂၀၁၆ ရက်နေ့ ၁၄၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (က)ရပ်ကွက်၊ အဆင့်မြင့်အိမ်ရာ၊ တိုက်(၉)ရှိ နေအိမ်တိုက်ခန်းတွင် နိုင်ငံခြားအရက်အတုများ ပြုလုပ်နေကြောင်းသတင်းအရ သက်သေများနှင့်
အတူ ၀င်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဝေယံလင်း(ခ)လင်းလင်း၊ (၃၂)နှစ်အားတွေ့ရှိရပြီး ၎င်းအခန်းနှင့် ဆက်လျက်ရှိသည့် အခန်းအတွင်းမှ နိုင်ငံခြားအရက်အတု ပြုလုပ်ရောင်းချရာတွင်အသုံးပြုသော ဆိုးဆေးဘူးများ၊ ရေစစ်ဇကာများ၊ ပလပ်စတစ်ကန်တော့များ၊ နိုင်ငံခြားအရက်ပုလင်းများ ထုပ်ပိုးရန်ထားရှိသော ကတ်ထူစက္ကူပြားများနှင့် နိုင်ငံခြားအရက်ပုလင်းခွံမျိုးစုံတို့အား
တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ သိမ်းဆည်းရမိခဲ့သဖြင့် နိုင်ငံခြားအရက်များအတုပြုလုပ်သူ ဝေယံလင်း(ခ)လင်းလင်းအား သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၁၀၁၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၄၂၀/၄၆၈/၄၈၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
သင်္ဃန်းကျွန်းမြို့နယ်မှာ နိုင်ငံခြားအရက်အတုများ ပြုလုပ်ရောင်းချသူအား ဖမ်းဆီးအရေးယူ  သင်္ဃန်းကျွန်းမြို့နယ်မှာ နိုင်ငံခြားအရက်အတုများ ပြုလုပ်ရောင်းချသူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 12:37 Rating: 5
Powered by Blogger.