ရန်ကုန် နိုဝင်ဘာ ၂၄
တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် ပြည်ထောင်စုလမ်းဘေးရှိ လဝက ရုံးတွင် ယနေ့ နေ့လည် ၁နာရီ ၅၀ မိနစ် အချိန်၌ ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ သည်။ ပေါက်ကွဲမှုမှာ လဝက ရုံး (ပ) ထပ်၊ ဟောခန်း အနောက် သန့်စင်ခန်း အိမ်သာအတွင်း (၂) မိနစ်ခြား (၃) ကြိမ်၊ သန့်စင်ခန်းအပြင်ဘက်ရှိ အမှိုက်ပုံး အနက်ရောင် အောက်တွင် (၁) ကြိမ် အသေးစား ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ စုစုပေါင်း ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်း ရရှိသည်။
တောင်ဒဂုံ (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်ဒဂုံမြို့နယ် လဝက ရုံးတွင် အသေးစား ပေါက်ကွဲမှု (၄) ကြိမ်ဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:03
Rating:
