စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့နယ်မှာ လမ်းပေါ်ပြုတ်ကျနေတဲ့ လျပ်စစ်ဓါတ်ကြိုးကို တိုက်မိပြီး (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ(၆)ရက် နေ့လည်(၂)နာရီကျော်က မုံရွာခရိုင် ချောင်းဦးမြို့ ကုန်းခင်ရပ်ကွက်မှာ (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ နေအိမ်ကနေ ဘုန်းကြီးကျောင်းကို သွားစဉ် နေအိမ်ရှေ့ လမ်မပေါ်မှာ ပြုတ်ကျနေတဲ့ လျှပ်စစ်ဓါတ်ကြိုးနဲ့ တိုက်မိကာ ဓါတ်လိုက်ပြီး ပြင်ပဒါဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီသေဆုံးမှုဟာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်စစ်ဆေးနိုင်ဖို့ ဒုရဲအုပ်ကျော်သီဟဝင်းက တရားလိုပြု ပြီးချောင်းဦးမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၆)နဲ့ အမှုရေးဖွင့်ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews