နိုဝင်ဘာ ၂၈ ည၈နာရီ ၃၀မိနစ် သတင်း
ည ၈ နာရီ အချိန် တွင် လားရှိုး-မူဆယ် လမ်းပိုင်း နမ့်ဖက်ကာ အနီးတွင် တာဝန်အရ ကားဖြင့် ခရီးသွားလာနေသော ရဲတပ်ဖွဲ့ဝင် ၂ဦး (အရပ်ဝတ် ဖြင့်သာ သွားလာနေသော) အား တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ ဖမ်းဆီး ခေါ်ဆောင် သွား သည် ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
၎င်း ရဲ တပ်ဖွဲ့ဝင်၂ဦးသည် တရားစီရင်ရေး ကိစ္စ ဖြင့် အရပ်ဝတ် ဖြင့် ခရီးသွားလာနေစဉ် နမ့်ဖက်ကာအနီးတွင် ဆက်ကြေးကောက်ခံနေသော လက်နက်ကိုင်သောင်းကျန်းသူ တအာင်းတပ် မှ စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
PhyoChitthu (Lashio News)
ရဲတပ်ဖွဲ့ဝင် ၂ ဦးအား တိုင်းရင်းသား လက်နက်ကိုင် တပ်များမှ ဖမ်းဆီး ခေါ်ဆောင် သွား
Reviewed by THITHTOOLWIN
on
10:42
Rating:
