ဒေါ်အောင်ဆန်းစုကြည် ဂျပန်ချစ်ကြည်ရေးခရီး စတင်


ရန်ကုန်၊ နိုဝင်ဘာ ၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြား ချက်အရ ဂျပန်နိုင်ငံသို့ (၁-၁၁-၂၀၁၆) ရက်နေ့မှ (၅-၁၁-၂၀၁၆) ရက်နေ့အထိ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ရန် အတွက် ယနေ့ ၀၇း၄၀ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။

REF: Ministry of Foreign Affairs Myanmar
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ချစ်ကြည်ရေးခရီး စတင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ချစ်ကြည်ရေးခရီး စတင် Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.