မုံရွာတွင် တို့ဟူးခြောက်စက်ရုံမှ ဗွိုင်လာအိုးပေါက်ကွဲ၊ အလုပ်သမား၆ ဦးဆေးရုံရောက်


မုံရွာ၊ နိုဝင်ဘာ ၉။

မုံရွာမြို့ ပြည်တော်သာရပ်ကွက်၊ ပညာရေးကောလိပ်ကျောင်း၏ မြောက်ဘက်ရှိ တိုဟူးခြောက် လုပ်ငန်းတွင် နိုဝင်ဘာ ၉ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က လုပ်ငန်းသုံး ဗွိုင်လာအိုးကွဲ၍ အလုပ်သမား ၆ ဦး မုံရွာဆေးရုံသို့ ပို့လိုက်ရကြောင်း သတင်းရရှိသည်။

ဗွိုင်လာအိုးပေါက်သော တို့ဟူးခြောက်လုပ်ငန်း အမည်မှာ ကိုကိုညီညီ ဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် သွပ်မိုးများ ပေါက်ထွက်သွားကြောင်း ဘေးအနီး ရှိ ဆိုင်များက ဆိုသည်။

ဒဏ်ရာရရှိသော အလုပ်သမားတစ်ဦးနှင့် အလုပ်သမ (၅)ဦးကို ဆေးရုံသို့ ပိုင်ရှင်ကိုယ်တိုင် သွားရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဗွိုင်လာအိုးပေါက်ရာသို့ မီးသတ် ရဲတပ်ဖွဲ့တို့ လာရောက်စစ်ဆေးခဲ့ပြီး ပိုင်ရှင်အား နယ်မြေ ရဲစခန်းတွင် အမှုဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဗွိုင်လာအိုးပေါက်သည့် ဖြစ်စဉ်မျိုး ယခုနှစ် ဧပြီလ အတွင်းက မုံရွာမြို့ ဗိုလ်ချုပ်လမ်းဘေး ရှိ ထမင်းဆိုင်တွင်ဖြစ်ပွားခဲ့ပြီး ထမင်းအိုး တည်နေသော ဆိုင်ရှင် မှာ ဗွိုင်လာအိုးမှ သံပြားများ ထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ဖူးသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
မုံရွာတွင် တို့ဟူးခြောက်စက်ရုံမှ ဗွိုင်လာအိုးပေါက်ကွဲ၊ အလုပ်သမား၆ ဦးဆေးရုံရောက် မုံရွာတွင် တို့ဟူးခြောက်စက်ရုံမှ ဗွိုင်လာအိုးပေါက်ကွဲ၊ အလုပ်သမား၆ ဦးဆေးရုံရောက် Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.