တောင်ငူတွင် ဒေါသအလျောက် စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား


တောင်ငူမြို့မှာ ဒေါသအလျောက် စကားများရန်ဖြစ်ရာက လူသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းရဲ့ အနောက်ဘက် (၁၇) မိုင်ခန့်ဝေးတဲ့ ဇီးကုန်းကျေးရွာအုပ်စု၊ ကရင်ရွာကြီးနေ ဦးတူးရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ညွန့်ရီ (၄၂ နှစ်) ဟာ သူ့ရဲ့လယ်ကွက်အတွင်း တစ်ရွာတည်းနေ ကျော်စိုးအောင် (၃၀ နှစ်) ရဲ့ ဝက်တွေ ဝင်ရောက် တူးဆွတဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများကြရာကနေ ကျော်စိုးအောင်က ဒေါသမထိန်းနိုင်ဘဲ ပါလာတဲ့ သစ်သားအရိုးတပ်တူရွင်းပြားနဲ့ရိုက်နှက်ခဲ့တဲ့အပြင် ဒေါ်ခင်ညွန့်ရီမှာပါလာတဲ့ ဓားမကို လုယူပြီး ဦးခေါင်းကိုခုတ်တဲ့အတွက် ဒေါ်ခင်ညွန့်ရီဟာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ရဲမှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။


 သေဆုံးသူခင်ပွန်းဖြစ်သူရဲ့ တိုင်တန်းချက်အရ ဖြစ်စဉ်ကိုစစ်ဆေးပြီး တောင်ငူ အမှတ်(၂)နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ခင်မောင်ထွေးက (ပ) ၆၃၈/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံး တရားစွဲတင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပန်းချီသန်းဝင်း (ကျောက်ကြီး) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
တောင်ငူတွင် ဒေါသအလျောက် စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား  တောင်ငူတွင် ဒေါသအလျောက် စကားများရန်ဖြစ်ရာမှ လူသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.