မူဆယ်၊ နိုဝင်ဘာ ၂၃ ။
မူဆယ်မြို့တွင် ယနေ့ (နိုဝင်ဘာလ ၂၃ ရက်) မနက်ပိုင်း အချိန်မှစ၍ဈေးဆိုင်များပြန်လည်ဖွင့်လှစ်ရောင်းချလက်ရှိပြီး၊ ပုံမှန် အခြေအနေနီးပါးပြန်လည်ရောက်ရှိနေသည်ဟုမူဆယ်မြို့တွင်ရောက်ရှိနေသည့် AHN သတင်းထောက် ကယနေ့ မနက် ၁၀ နာရီတွင် သတင်းပေးပို့သည်။
"ဈေးဆိုင်တွေတော်တော်များများပြန်ဖွင့်တယ်။ လူတွေ၊ကားတွေ ဆိုင်ကယ်တွေလည်း ပုံမှန်လှုပ်ရှားသွားလာနေတာတွေကိုမြင်ရတယ်။ ကားဂိတ်အချို့လည်းပြန်ဖွင့်တယ်။ တရုတ်-မြန်မာ အ၀င်အထွက်ဂိတ်လည်းစည်ကားနေပြီ။မနေ့က တရုတ် နိုင်ငံထဲ ကို ထွက်ပြေးတဲ့ မူဆယ်မြို့ခံတွေလည်း ဒီမနက် မှာ တဖွဲဖွဲ နဲ့ မူဆယ်မြို့ထဲကိုပြန်လာတာမြင်တွေ့ရပါတယ် ̓̓ ဟု ၄င်းကပြောသည်။
မူဆယ်မြို့ တွင် အခြေအနေများတည်ငြိမ်မှုရှိနေပြီး ဈေးဆိုင်များပြန်လည်ဖွင့်လှစ်ရောင်း
ချနေပြီဖြစ်ကြောင်းလည်း မူဆယ်မြို့ခံ ကိုအောင်မျိုးကယနေ့နံနက် ၁၀း၃၀ နာရီတွင်ပြောသည်။
" ဆိုင်တွေပြန်ဖွင့်တယ်။ဆိုင်ကယ်တွေ၊ကားတွေ၊လူတွေလည်း ပုံမှန်ပြန်ပြီးလှုပ်ရှားသွားလာနေကြတယ်။ မူဆယ်မြို့အခြေအနေကတော့ ကောင်းသွားပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် အခု မနက် ၁၀ နာရီ မှာ မူဆယ်- လားရှိုးလမ်း၊ မူဆယ်မြို့နဲ့ ၁၂ မိုင်လောက် အကွာ၊ မွန်တောင်ရွာနဲ့တာလုံရွာကြား မှာ ကားတွေ ပိတ်နေတယ်လို့ အဲဒီနေရာနားမှာ ပိတ်မိနေတဲ့ ကျွန်တော်သူငယ်ချင်းက ဖုန်းဆက်ပြောပါတယ်။ဘာကြောင့်ပိတ်မိနေတယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ပြောပါတယ်။ ပစ်ခတ်သံတွေတော့ မကြားရဘူးလို့လည်းပြောပါတယ်ဗျ။ ̓ ဟု ၄င်းကပြောသည်။
SKY ၊ အောင်မျိုး ( AHN)
PHOTO - AHN ( ယနေ့ နံနက်ပိုင်း မူဆယ်မြို့တွင်းမြင်ကွင်း)
The Asia Heart News
မူဆယ်မြို့ တွင် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချ ၊ ပုံမှန် အခြေအနေနီးပါး ပြန်လည်ရောက်ရှိ
Reviewed by THITHTOOLWIN
on
17:10
Rating:
