လှေလုံးကွဲချောင်းအတွင်းရှိ ခုနစ်လဲရေကျော်တွင် ရေလုပ်သား မိကျောင်းကိုက်ခံရ


ဘိုကလေး နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး ဘို ကလေးမြို့နယ် ချောင်းဗြဲကြီးကျေး ရွာအုပ်စု လှေလုံးကွဲကျေးရွာ လှေလုံးကွဲချောင်းအတွင်းရှိ ခုနစ်လဲ ရေကျော်တွင် ရေလုပ်ငန်းလုပ်ကိုင် သူ ဦးစောနောင်(၃၅နှစ်)သည် ယမန်နေ့ ညနေ၆နာရီခန့်တွင် ၄င်း၏လှေထဲ၌ ရေများဝင်နေ၍ ရေခပ်ထုတ်နေစဉ် မိကျောင်း တစ်ကောင်၏ ကိုက်ခဲခြင်းကိုခံနေ ရစဉ် အနီးအနားရှိ တစ်ရွာတည်း သား ဦးဝင်းဇော်က မြင်တွေ့ပြီး အော်ဟစ်အကူအညီတောင်း၍ ဝိုင်းဝန်းခြောက်လှန့်ခဲ့ရာ မိကျောင်း မှာ လန့်ပြီးထွက်ပြေးသွားသည်။

အဆိုပါ မိကျောင်းအကိုက်ခံရ သောကြောင့် ဦးစောနောင်၏ ခြေ သလုံး၊ ပေါင်နှစ်ဖက်လုံးတို့တွင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိသဖြင့် ကဒုံကနိတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံ နေရကြောင်း သိရသည်။

ယင်းဖြစ်စဉ်မျိုး ယခုနှစ်ဇွန်လ ၁၁ရက် မွန်းလွဲ၂နာရီခွဲက ဆင်အိုင် စလောင်းကျကျေးရွာတွင် နေထိုင် သော ကိုဇော်မျိုးနိုင်၏ဇနီး မခိုင် ခိုင်ဦး(၂၄နှစ်)မှာလည်း ဘဲစာကျွေး ပြီး ဘဲစာပုံးကို ရေစပ်တွင်ဆင်း ဆေးရာ ချောင်းအတွင်းမှမိကျောင်း နက်ကြီးတစ်ကောင်၏ ကိုက်ချီ ဆွဲယူသွားခြင်းကိုခံခဲ့ရသည်။

ကိုမျိုးထွန်း(အသက်၎ဝ) ငါး ပိချောင်းကျေးရွာနေထိုင်သူသည် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက ဘဲစာကျွေးရန်အတွက် မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအတွင်း ရေငုပ်ကာ ခရုကောက်နေစဉ်မိကျောင်းအဝါ ကျားတစ်ကောင်၏ ကိုက်ချီဆွဲယူ သွားခြင်းခံခဲ့ရသည်။

ယခု ဦးစောနောင်သည် ယခု နှစ်အတွင်း လူကိုမိကျောင်းကိုက်ခံ ရမှု သုံးကြိမ်မြောက်ဖြစ်စဉ်ဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့်အသက် မသေဘဲ လွတ်မြောက်လာသူဖြစ် ကြောင်းသိရသည်။

ဌေးနိုင်(ဘိုကလေး)
The Union Daily
https://www.facebook.com/uniondaily.net
လှေလုံးကွဲချောင်းအတွင်းရှိ ခုနစ်လဲရေကျော်တွင် ရေလုပ်သား မိကျောင်းကိုက်ခံရ  လှေလုံးကွဲချောင်းအတွင်းရှိ ခုနစ်လဲရေကျော်တွင် ရေလုပ်သား မိကျောင်းကိုက်ခံရ Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.