မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက လူနေအိမ်များအား မီးရှို့ဖျက်ဆီး


နေပြည်တော်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စုအတွင်း တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဒါးကြီးဇားကျေးရွာသို့ ရောက်ရှိခဲ့ရာ ကျေးရွာ အတွင်း လူနေအိမ် အလုံး ၆၀ ခန့်အား အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက မီးရှို့ဖျက်ဆီးထားကြောင့် စစ်ဆေးတွေ့ရှိခဲ့သည်။


အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် ၎င်းတို့၏နေအိမ်များအား ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ကာ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက လူနေအိမ်များအား မီးရှို့ဖျက်ဆီး မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက လူနေအိမ်များအား မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 22:50 Rating: 5
Powered by Blogger.