ကျောက်ဖြူတွင် ဂတ်(စ်)ပိုက်လိုင်းကြောင့် ပျက်စီးသွား သောလယ်မြေများအား ပြန်လည်တူးဖော်ပေးရန် လယ်သမားများ ဆန္ဒပြတောင်းဆို


ခိုင်မင်းညို ၊ နိုဝင်ဘာ ၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တွင် ဂတ်(စ်)ပိုက်လိုင်း သွယ်တန်းမှုကြောင့် ပျက်စီးသွားသော လယ်မြေများအား မူလအတိုင်း ပြန်လည်တူးဖော်ပေးရန် လယ်ပိုင်ရှင်များက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြပွဲကို နိုင်ဝင်ဘာလ ၆ ရက် မွန်းလွဲ ပိုင်းက ကံ့ကော်တောဘုရားကြီး၏ရှေ့တွင် လယ်သမား ၁၀၀ ကျော်ခန့်က စုရပ်ပြီး တရုတ်နိုင်ငံပိုင် CNPC ရှေ့သို့ ချီတက်ကာ “ ပိုက်လိုင်း မြေယာအရေး လျော်ကြေးပေး ၊ CNPC ကုမ္ပဏီထွက်သွား ၊ ဒေသခံများ အခွင့်အရေး လေးစားပါ ” စသည့် ကြွေးကြော်များဖြင့် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ ဒီပြဿနာစတာကတော့ ၂၀၁၀ ကတည်းပင်ဖြစ်တယ်။ ကျမတို့ လယ်ယာမြေတွေက တောင်ကြား ထဲမှာရှိတာဖြစ်တယ်။ ပိုက်လိုင်းဖြတ်သန်းသွားဖို့အတွက် တောင်တွေကိုဖြိုချတဲ့အခါ မြေတွေက ပြိုပြီးကျ မတို့လယ်မြေတွေကို ဖုံးလွှမ်းသွားတယ်။ ကျမတို့ သီးနှံတွေလည်းစိုက်လို့မရဘူးဖြစ်တယ်။ ကျမတို့ အခုလျော်ကြေး တောင်း နေတာာမဟုတ်ဘူး၊ သိမ်းဆည်းခံလယ်မြေလည်းမဟုတ်ဘူး၊ ကျမတို့ လယ်တွေမှာဖုံး လွှမ်းနေတဲ့ ရွှံ့တွေကို ပြန်လည်တူးဖော်ပေးဖို့တောင်းဆိုတာ ဖြစ်တယ်ပါတယ် ” ဟု ဆန္ဒခေါင်းဆောင်တစ်ဦးဖြစ်သူဒေါ်ကြည်ကြည်နှင်းက ပြောသည်။

အဆိုပါ ပျက်စီးသွာသော လယ်မြေများမှာ ဂုံချိန်ကျေးရွာအုပ်စု ၊ လိပ်ခမော်ကျေးရွာအုပ်စု ၊ အုန်းတော် ကျေးရွာအုပ်တို့မှ လယ်သမား ၂၀ ကျော်ပိုင် လယ်မြေ ၁၈ ဒသမ ၀၃ ဧက တို့ဖြစ်ကြောင်း ၊ ၂၀၁၁ ခုနှစ်မှနေ ၂၀၁၄ ခုနှစ်များတွင် သီးနှံလျှော်ကြေးများ ပေးခဲ့သော်လည်း နောက်နှစ်များတွင် ပေးဆောင်ခြင်း မရှိတော့ကြောင်း ၊ ပျက်စီးလယ်သမားများ လိုချင်သည်မှာ သီးနှံ လျော်ကြေးမဟုတ်ပဲ မိမိတို့ပိုင် ရွံ့ဖုံးလွမ်းပြီး ပျက်စီးသွားသော လယ်မြေများကို မူလအတိုင်း ပြန်လည် ဖော်ပေးစေလိုကြောင်း ဆန္ဒပြ လယ်သများက ဆိုသည်။

လယ်မြေများကိုဂုံရှိန်အုပ်စ၊ုလိပ်ခမော်အုပ်စု နှင့် အုန်းတောအုပ်စု မှ တောင်သူ ၂၁တို့ ဦးပိုင်ဆိုင်ပြီး လယ်ယာမြေ ၁၈ ဒသမ ၀၃ ဧကဖြစ်ကြောင်း၊ ၂၀၁၁ မှ၂၀၁၄ခုနှစ် သီးနှံလျော်ကြေးများ ပေးခဲ့မှုများရှိကြောင်း ၊ ၂၀၁၅ ခုနှစ်တွင် သီးနှံလျော်ကြေးများကို ပေးဆောင်မှု မရှိတော့ကြောင်း၊ ယင်းလယ်မြေများသည် ရွံ့များ ဖုံးလွမ်းမှုများရှိသည့်အတွက် လက်ရှိအချိန်ထိ စိုက်ပျိုး၍ မရကြောင်း လယ်သများကိုသည်။

လယ်သမားများအနေဖြင့် ယခုတကြိမ် ဆန္ဒပြတောင်းတောင်ဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို မေလ ၂ ရက်နေ့ကလည် ဆန္ဒပြတောင်းဆိုခဲ့ကြောင်းသိရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ကျောက်ဖြူတွင် ဂတ်(စ်)ပိုက်လိုင်းကြောင့် ပျက်စီးသွား သောလယ်မြေများအား ပြန်လည်တူးဖော်ပေးရန် လယ်သမားများ ဆန္ဒပြတောင်းဆို ကျောက်ဖြူတွင် ဂတ်(စ်)ပိုက်လိုင်းကြောင့် ပျက်စီးသွား သောလယ်မြေများအား ပြန်လည်တူးဖော်ပေးရန် လယ်သမားများ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.