![]() |
ဒေါ်နယ်ထရန့် နှင့် ဟီလာရီကလင်တန် |
ရီပတ်ဘလစ်ကန် သမ္မလောင်း Donald Trump ကလည်း New Hampshire ပြည် နယ်၊ Atkinson ခရိုင်မှာ မဲဆွယ် စည်းရုံးပါတယ်။ သူ့အစိုးရ အဖွဲ့အနေနဲ့ ဒီတိုင်းပြည် တွင်းက အလုပ်တွေ ပြည်ပကိုရောက် မသွားအောင် လုပ်မယ်လို့ ဆိုပါတယ်။ ဟီလာရီ ကလင်တန်ကိုလည်း သမ္မတ ရာထူးနဲ့ မထိုက်တန်သူဆိုပြီး တိုက်ခိုက်ပါ တယ်။ ရီပတ်ဘလစ်ကန် ပါတီညီလာခံမှာ နောက်ဆုံး စကားတက်ပြောခဲ့တဲ့ Trump ဇနီး မလာနီယာ ကလည်း ပင်ဆယ်ဗေး နီးယားပြည်နယ်မှာ ကြာသပတေးနေ့က မဲဆွယ် စည်းရုံးခဲ့ ပါသေးတယ်။
ရိုးသားမှုနဲ့ ယုံကြည်ထိုက်သူ ဟုတ်မဟုတ်ဆိုပြီး သမ္မတလောင်း ၂ ဦးအပေါ် Gallup အဖွဲ့ကကောက် ယူထားတဲ့ ဒီသီတင်းပတ် လူထုသဘောထား စစ်တမ်းမှာတော့ ဟီလာရီ ကလင်တန်ကို ၃၂ % ထောက်ခံမှု ရပြီး Donald Trump ကတော့ ၃၄ % ထောက်ခံမှု ရထားတာပါ။ စက်တင်ဘာလက ကောက်ယူတဲ့ လူထု စစ်တမ်း မှာတော့ ကလင်တန်က ၃၄ % နဲ့ Trump က ၃၃ % ရထားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ စနေနေ့မှာတော့ သမ္မတလောင်း ၂ ဦးစလုံ ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ် စည်းရုံးရေးဆင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကန်ရွေးကောက်ပွဲ အပြီးသတ် မဲဆွယ်မှု အပြိုင်အဆိုင်လုပ်
Reviewed by THITHTOOLWIN
on
20:44
Rating:
