အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး တွေ့ရှိ

 မောင်တော-ဇင်ပိုင်ညာ-ငါးခူရမြေသားကားလမ်းပေါ်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး တွေ့ရှိ
နေပြည်တော်၊ နိုဝင်ဘာ - ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ကံပြင်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ ခန့် အကွာရှိ မောင်တော-ဇင်ပိုင်ညာ-ငါးခူရမြေသားကားလမ်းပေါ်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထောင်ထားသည့် အချင်း ၄ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ကားအင်ဂျင်စလစ်ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်လုံးကို ရှာဖွေတွေ့ရှိရှင်းလင်းခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး တွေ့ရှိ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံး တွေ့ရှိ Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.