28 . 11 . 2016
ကသာမြို့နယ် မှတ်တိုင် ကျေးရွာ နှင့် ၈ မိုင်ခန့် အကွာ နန့်လန် ချောင်းဖျား ထန်းပင်ကျစ် တောအတွင်း ကသာမြို့နယ် နှင့် ကချင်ပြည်နယ်စပ် တောထဲသို့ ကြိမ်ခတ်ရုံးခုတ်သွားသည့် ရွာသား(၂)ဦး မိုင်းထိ ကာ (၁)ဦး မှာ ဒူး ၂ ဖက် ပြတ် (၁)ဦး က မျက် နာ နှင့် ကိုယ်ခန္ဒာတွင် မိုင်းစမှန် ဒဏ်ရာရရှိခဲ့သည်။
ဒူး (၂)ဖက် ပြတ်သူ ကိုမျိုး အား မျက်နာ ဒဏ်ရာရရှိသူ ကိုဇင်မောင်စိုး က မူလ အစတွင် ထမ်းပိုးလာခဲ့သော်လည်း နောက်ပိုင်းတွင် ၄င်းမှာ မဟန်နိုင်တော့သဖြင့် ဒူးပြတ်သူအား သစ်ပင်ကို မှီလျှက်ထားခဲ့ကာ ရွာပြန်ခဲ့ရသည် ဟု ဆိုသည်။
မိုင်းကွဲချိန်မှာ နိုဝင်ဘာလ (၂၈)ရက်နေ့  ခန့်မှန်း နေ့လည် (၂)နာရီ ဟု သိရပြီး ကသာခရိုင် ပြည်သူ့ ဆေးရုံသို့ ရောက်ရှိချိန် မှာ ည ၇း၃၀ ခန့် တွင် ဖြစ်သည်။
၎င်းတို့ ၂ ဦးမှာ သမီးယောက္ဖ ဖြစ်ပြီး ဒူး(၂)ဖက် ပြတ်သူအား တောတွင်း၌ ဒီအတိုင်းပစ်ထားခဲ့ရသည် ဟု ဆိုသည်။
နိုင်ကြီး (ကသာ)
ကသာ မီဒီယာဂရု
ကသာမြို့နယ် မှတ်တိုင်ကျေးရွာ နှင့် (၈)မိုင်ခန့် အကွာ တောတွင်း၌ လူ(၂)ဦး မိုင်းထိ
Reviewed by THITHTOOLWIN
on
23:32
Rating:
