သပိတ်ကျင်းမြို့ အနီး ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား (၁၄)ဦး သေဆုံး
သပိတ်ကျင်း၊ နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး- ဗန်းမော် ကားလမ်းမကြီး၊ ကျောက်ကွဲလမ်းကွေ့တွင်  နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်က ကားတစ်စီး တိမ်းမှောက် မှု ဖြစ်ပွား ခဲ့ရာ နေရာတွင် ပွဲချင်းပြီး (၉) ဦး သေဆုံးပြီး ဆေးရုံအရောက်တွင် (၅) ဦးထပ်မံသေဆုံးရာ စုစုပေါင်း (၁၄) ဦး သေဆုံးကြောင်း သိရှိရသည်။
 ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၄၇) ဦး ရှိပြီး ကျန်သူ များမှာလည်း ဒဏ်ရာ အသီးသီးရရှိကာ သပိတ်ကျင်းမြို့နယ် ဆေးရုံမှ မနိုင်သောလူနာများကို မန္တလေးပြည်သူ့ဆေးရုံးသို့ ပေးပို့ခဲ့သည်။
အဆိုပါယာဉ်မှာ (၆)ဘီး ယာဉ်ဖြစ်ပြီး မြစ်ကြီးနားမြို့သို့ ဖုန်းလိုင်းတူးရန် အတွက် လက်ပံတောင်း-မြို့နယ်၊ ချောင်းဖျားကျေးရွာမှ လာကြသူများဖြစ် သည်။
 အဆိုပါမိုင်တိုင် (၇/၀) မိုင် နေရာသည်မကြာခဏ ယာဉ်တိမ်းမှောက် မှု ဖြစ်ပွားနေကြောင်းနှင့် ယာဉ် တိမ်းမှောက်ရာနေရာသို့ မြို့နယ်မှ တာဝန်ရှိ သူများ၊ နီးစပ်ရာကျေးရွာများမှ လူမှုရေးအသင်းများက ကား (၁၀ ) စီးဖြင့် သပိတ်ကျင်း မြို့နယ်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
(သပိတ်ကျင်း၊ ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Powered by Blogger.