အခကြေးငွေဖြင့် ယူ၍ပွဲကြည့်စင်များဆောက်လုပ်မှု ဖျက်သိမ်း


တောင်ကြီး၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၌ ၂၀၁၆ခုနှစ် တန်ဆောင်တိုင် ပွဲကျင်းပသော အဝေရာမီးပုံးပျံကွင်းအရှေ့ဘက်ရှိ မြေကွက်လပ်တွင် တည်ဆောက်နေသော ပွဲကြည့်စင်များကို နိုဝင်ဘာ(၁)ရက်နေ့က အများပြည်သူများ မီးပုံးပျံချစ်သူများက ဆန္ဒဖော်ထုတ်ခဲ့ပါသည်။


 ယနေ့နိုဝင် ဘာ(၂)ရက်နေ့တွင် ပြည်သူများ၏တောင်းဆိုချက်အရ ပြည်သူဆန္ဒကိုကြည့်၍ မွန်းလွဲ(၁)နာရိခွဲက ပွဲကြည့်စင်အရှေ့မျက်နှာစာပေ (၂၀၀)မှ အနောက်ပေ(၁၅၀)ထိ(၆)ခန်းတွဲ(၅၄)ခန်းကို ဖျက်သိမ်းပြီး (၂)ခန်းတွဲ ကို ပြည်သူများ အခမဲ့ကြည့်ရှုနိုင်ရန်နှင့် (၂)ခန်းတွဲ(၄)ဆောင် ကိုလည်း ဟိုတယ်လုပ်ငန်းရှင်များ ဧည့်သည်များ အခမဲ့ကြည့်ရှုနိုင်ရန် ချန်ထားပြီး ဖျက်သိမ်းပြီးမြေနေရာများကို သန့်ရှင်းရေးလုပ်၍မြေညှိကာ သဲ ခင်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးတာဝန်ခံမောင်လတ်ထံမှသိရသည်။

တောင်ကြီးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ