မိုဆူးလ်မြို့ ၌ လူ ၁ဝဝ ကျော် အစုံအလိုက်အပြုံလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်းများတူးဖော်ရရှိ


မိုဆူးလ် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့ တောင်ပိုင်း၌ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသော ခေါင်းဖြတ်သတ်ထားသည့် လူသေရုပ် အလောင်း ၁ဝဝ ကျော်ကို တူးဖော်ရရှိကြောင်း အီရတ်စစ်တပ်၏ နိုဝင်ဘာလ ၇ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဆူးလ်မြို့ တောင်ပိုင်း ၁၅ ကီလိုမီတာအကွာခန့် ရှိ Hammam al-Alil မြို့ အပြင်ဖက် အရှေ့ အရပ်၌ တည်ရှိသော စိုက်ပျိုးရေးကောလိပ်ဝင်းအတွင်း အဆိုပါ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်းများကို တူဖော်တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း အီရတ်ပူးတွဲစစ်ဆင်ရေးတပ်မ(JOC) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရတ်စစ်တပ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်အလောင်းများသည် အိုင်အက်စ်အကြမ်းဖက်သမားများ၏ သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ရသူများ၏ ရုပ်အလောင်းများဖြစ်နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး မှုခင်းကျွမ်းကျင်ဆရာဝန်များက အခင်းဖြစ်နေရာသို့ လာရောက်၍ ရုပ်အလောင်းများကို ခွဲစိတ်စစ်ဆေးရန် ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

China Xinhua News
မိုဆူးလ်မြို့ ၌ လူ ၁ဝဝ ကျော် အစုံအလိုက်အပြုံလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်းများတူးဖော်ရရှိ မိုဆူးလ်မြို့ ၌ လူ ၁ဝဝ ကျော် အစုံအလိုက်အပြုံလိုက်မြှုပ်နှံထားသည့် ရုပ်အလောင်းများတူးဖော်ရရှိ Reviewed by THITHTOOLWIN on 12:07 Rating: 5
Powered by Blogger.