အကြမ်းဖက်သောင်းကျန်းသူများက ကွတ်ခိုင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်


နေပြည်တော်၊ နိုဝင်ဘာ - ၂၄

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ ကွတ်ခိုင်မြို့အတွင်း ယနေ့နေ့လယ် ၁၁နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးဖြင့် ၂ ချက် လာရောက်ပစ်ခတ်သဖြင့် တပ်မတော် စစ်ကြောင်းများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

ဖြစ်စဉ်တွင် ရန်သူပစ်ခတ်လိုက်သည့် ဗုံးသီးများမှာ ကွတ်ခိုင်မြို့၏ သုသာန်နေရာနှင့် အိုရီယမ်တယ် တိုးဂိတ်ကုမ္ပဏီနေရာအနီးတွင်ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမရှိ ကြောင်း သိရှိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
အကြမ်းဖက်သောင်းကျန်းသူများက ကွတ်ခိုင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်  အကြမ်းဖက်သောင်းကျန်းသူများက ကွတ်ခိုင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.