၁၃နှစ်အရွယ်ကျောင်းသူမိန်းကလေးကို မုန့်ဝယ်ကျွေးမည်ဟုဆိုကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းသူကို ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်အတွင်း နိုဝင်ဘာ ၂၁ရက်နေ့နံနက်ပိုင်းက အသက် ၁၃ နှစ်ရှိသူကျောင်းသူမိန်းကလေးကို ကျောင်းလိုက်ပို့ပေးပြီးမုန့်ဝယ်ပေးမည်ဟုဆိုကာ ခြုံပုတ်အတွင်းအဓမ္မပြုကျင့်ရန်ကြိုးပမ်းသူအမျိုးသားကို အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၁၁နာရီအချိန်က ရွှေပြည်သာမြို့နယ်နေ အသက် ၁၃နှစ်အရွယ်ရှိ ကျောင်းသူမိန်းကလေးသည် ၄င်း၏သူငယ်ချင်းနှစ်ဦးနှင့်အတူကျောင်းသို့လမ်းလျှောက်သွားနေစဉ် ဆောက်လုပ်ရေးကားမှတ်တိုင်အရောက် တရပ်ကွက်ထဲနေသူ အသက် ၄၂ နှစ်အရွယ်ရှိ အေးလွင်ဆိုသူက ၄င်း၏ဆိုင်ကယ်ဖြင့်ကျောင်းလိုက်ပို့ပေးမည်ဟုဆိုကာ သုံးဦးစလုံးကိုတင်ဆောင်သွားခဲ့သည်ဆိုသည်။

ကျောင်းသို့အရောက် သူငယ်ချင်းနှစ်ဦးကိုဆိုင်ကယ်ပေါ်မှဆင်းခိုင်းခဲ့ပြီး မ..(၁၃)နှစ်ကို မုန့်ဝယ်ပေးအုံးမည်ဟုဆိုကာ ဆက်လက်တင်ဆောင်မောင်းနှင်ခဲ့စဉ် ရွှေပြည်သာစက်မှုဇုန် (၁) စက်မှု (၈) လမ်းရှိ အထပ်သားစက်ရုံအနီးတွင်ရပ်ကာ ခြုံပုတ်အတွင်းသို့အတင်းဆွဲခေါ်သွားခဲ့ပြီး သားမယားပြုကျင့်ရန်အားထုတ်နေစဉ်အမည်အသိအမျိုးသားနှစ်ဦးရောက်ရှိလာကာ အေးလွင်အား ရဲစခန်းသို့ပို့ဆောင်ခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်းက (ပ)၁၃၂၈/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်ဖမ်းဆီးထားကြောင်းသိရသည်။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ