အိမ်အကူတွေကို မှတ်ပုံတင်ပြီးမှ ခန့်ထားရေးအဆိုဆွေးနွေး ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု

ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Win Naung Toe/RFA
အိမ်အကူအလုပ်သမားများအပါအ၀င် အလုပ်သမားများခန့်ထားရာမှာ ပြဌာန်းထားတဲ့ နည်းဥပဒေများ နဲ့အညီ အလုပ်သမားမှတ်ပုံတင်ထားပြီးမှ ခန့်ထားဖို့နဲ့ အလုပ်ရှင်များမှ အလုပ်သမားများကို ဥပဒေမဲ့လုပ်ရပ်များ မလုပ်နိုင် ရန် ကာကွယ်တားဆီးပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဥပဒေနဲ့ ကလေးသူငယ်ဥပဒေတွေပြဌာန်းထားပေမယ့် ဥပဒေကို လိုက်နာမှု အားနည်းပြီး အလုပ်ရှင်နဲ့ အလုပ်သမားပြသနာတွေဖြစ်ပွားတာကြောင့် အဆိုကိုတင်သွင်းရ တာဖြစ်ကြောင်း ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောပါ တယ်။

မဘိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က မြန်မာနိုင်ငံအတွင်းမှာ အင်းဝ အပ်ချုပ်ဆိုင်အမှုတွေလို လူတွေမသိတဲ့ ကိစ္စတွေများစွာရှိနိုင်ကြောင်း၊ အလုပ်သမားဦးစီးဌာနအနေနဲ့ အလုပ်သမားမှတ်ပုံတဲ့လုပ်ငန်းကို ထိထိရောက်ရောက်လုပ်ကိုင်ပေးဖို့ လိုအပ်ကြောင်း ထောက်ခံဆွေးနွေး သွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပြဌာန်းထားတဲ့ အနည်းဆုံးအခကြေးငွေဥပဒေမှာ အိမ်အကူအလုပ်သမားတွေအတွက် ထည့်သွင်းထားပေမယ့် အိမ်အကူအလုပ်သမားတွေကို သီးသန့် အကာအကွယ်ပေးမယ့် ဥပဒေစည်မျဉ်း စည်းကမ်းတွေ မရှိကြောင်းနဲ့ ပြည်တွင်းအိမ်အကူလုပ်ငန်းတွေအတွက် တရားဝင်မှတ်ပုံ ထင်ထားတဲ့ အိမ်အကူရှာဖွေရေးအေဂျင်စီတွေလည်း မရှိကြောင်း ဒေါ်အေးမြမြမျိုးက ထည့်သွင်းပြော ဆိုသွားပါတယ်။

မြန်မနိုင်ငံမှာ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့် အသက်မပြည့်တဲ့ အိမ်အကူတွေကို အလုပ်ရှင်နဲ့ အိမ်ရှင်တွေက ညှဉ်ပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဒေါ်အေးမြမြမျိုးတင်သွင်းတဲ့အဆိုကို ဆွေးနွေးမယ့်ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံး စာရင်းပေး ပို့ရမှာကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အိမ်အကူတွေကို မှတ်ပုံတင်ပြီးမှ ခန့်ထားရေးအဆိုဆွေးနွေး ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု  အိမ်အကူတွေကို မှတ်ပုံတင်ပြီးမှ ခန့်ထားရေးအဆိုဆွေးနွေး ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.