ဆီဘောက်ဆာ ကား နှစ်စင်း တိုက်မိ၍ သီပေါ- လားရှိုး ကြားတွင် ကား ပိတ်နေ


သီပေါ၊ နိုဝင်ဘာ ၉ ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး- မူဆယ် ပြည်ထောင်စုလမ်း အပိုင်းတွင်ပါဝင်သည့် သီပေါ- လားရှိုး လမ်း၊ ကုန်းသာကျေးရွာ နှင့် စဉ့်အင် ကျေးရွာ အကြား မိုင်တိုင်၁၄၄/ ၆ နှင့် ၇ ကြားတွင် ယနေ့ ( နိုဝင်ဘာ ၉ )ရက်၊ မနက် ၈း၃၀ခန့် က၊ ဆီဘောက်ဆာ ကားနှစ်စင်း တိုကိမိသောသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ယာဉ်တိုက်မှု ဖြစ်သည့်နေရာတွင်ရောက်ရှိသတင်းရယူနေသည့် AHN သတင်းထောက်က သတင်းပေးပို့သည်။


“ မန္တလေးဘက်ကလာတဲ့ ဆီဘောက်ဆာကား မှာ ဆီတွေ ပါတယ်။ သူက လမ်းချော်ပြီး၊လားရှိုးဘက်က ဆင်းလာတဲ့ ဆီ မမပါတဲဆီဘောက်ဆာ ကားကိုတိုက်မိတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ထိခိုက်သေဆုံးတာ၊ မီးလောင်မှုဖြစ်တာတွေမရှိပါဘူး၊ အခုတော့ကားသေးတွေသွားလို့ရနေပါပြီ။ ကားကြီးတွေ ကတော့ စောင့်နေရတုန်းပါ။ ယာဉ်တိုက်တဲ့နေရာကို ရောက်ရှိ နေတဲ့ သီပေါရဲစခန်းက ဒုရဲမှူး သိန်းဇော်က တော့ ယာဉ်တိုက်မှုကို ပ/၄၇(က) ၂၀၁၆ နဲ့ အမှုဖွင့်ထားတယ်လို့ပြောပါတယ်။ တာဝန်ရှိသူတွေက ယာဉ်ကြောပွင့်အောင်ကူညီပေးနေကြပါတယ် ” ဟု AHN သတင်းထောက်က ယနေ့နံနက် ၁၀း ၃၀ တွင် သတင်းပေးပို့သည်။

SKY
PHOTO - SKY ( AHN )
The Asia Heart News
ဆီဘောက်ဆာ ကား နှစ်စင်း တိုက်မိ၍ သီပေါ- လားရှိုး ကြားတွင် ကား ပိတ်နေ  ဆီဘောက်ဆာ ကား နှစ်စင်း တိုက်မိ၍ သီပေါ- လားရှိုး ကြားတွင် ကား ပိတ်နေ Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.