ဗန်းမော်မြို့တွင် မိုင်းတစ်လုံး ပေါက်ကွဲ


ဗန်းမော် နိုဝင်ဘာ ၁၅

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၁၅.၁၁.၂၀၁၆ ရက်နေ့ ည ၈ နာရီခန့်က မိုင်းတစ်လုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ဝန်းအတွင်း အရာရှိ အိမ်ယာများအနီး ကားလမ်းမဘေး ကုက္ကိုပင်ကြီးအောက်တွင် လက်လုပ်မိုင်းဟု ထင်ရသော အသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။

၎င်းပေါက်ကွဲအားသည် မီတာ ၅၀၀ ပတ်ဝန်းကျင်ရှိ အဆောက်အဦများကို တုန်ခါသွားစေခဲ့သော်လည်း လူနှင့် တိရိစ္ဆာန် တစ်စုံတစ်ဦးမှ ထိခိုက်မှု မရှိကြောင်း မည်သူက ထောင်ခဲ့သည့်မိုင်းဖြစ်ကြောင်း စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဗန်းမော်မြို့တွင် မိုင်းတစ်လုံး ပေါက်ကွဲ  ဗန်းမော်မြို့တွင် မိုင်းတစ်လုံး ပေါက်ကွဲ Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.